Connecting Communities with Trusted Infrastructure Services
စိတ်ချယုံကြည်ရသော ဆက်သွယ်ရေးကွန်ရက်နှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း
Amara8 Co., Ltd. (A8) သည် ၂၀၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် (ISP) ကုမ္ပဏီကြီးများအတွက် အရည်အသွေးမြင့် ကွန်ရက်အခြေခံအဆောက်အအုံများ တည်ဆောက်ပေးနေသည့် အင်ဂျင်နီယာလုပ်ငန်းအဖွဲ့အစည်း ဖြစ်ပါသည်။
No. 8, Kabar Kyaw Street, Pyithaya Quarter, Pyay, Myanmar.
ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ကမ္ဘာကျော်လမ်း၊ အမှတ် (၈)2020
လုပ်ငန်းစတင်တည်ထောင်သည့်နှစ်85 Specialists
စုစုပေါင်းကျွမ်းကျင်လုပ်သားအင်အားOur Corporate Mission
ကုမ္ပဏီ၏ ရည်မှန်းချက်တာဝန်
မြို့ပြဒေသများနည်းတူ အရည်အသွေးပြည့်ဝသော ဆက်သွယ်ရေးနည်းပညာနှင့် အခြေခံအဆောက်အအုံများကို ဒေသတွင်းကျေးလက်ဒေသများအထိ အချိုးညီညီ ဖြန့်ကြက်တပ်ဆင်ပေးခြင်းဖြင့် လူမှုစီးပွားဘဝနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ဖြစ်ပါသည်။
Operational Vision
လုပ်ငန်းဆိုင်ရာ မျှော်မှန်းချက်
လုပ်ငန်းအပ်နှံသူ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရေရှည်ခိုင်မြဲသော ယုံကြည်မှုကို တည်ဆောက်ပြီး၊ နည်းပညာစံနှုန်းများနှင့်အညီ တိကျသေჩာသော မြေပြင်ကွင်းဆင်းအင်ဂျင်နီယာ လုပ်ငန်းများကို မြန်မာနိုင်ငံတစ်ဝန်း အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းပါသည်။
On-Ground Resources & Project Fleet
မြေပြင်ကွင်းဆင်းအင်ဂျင်နီယာအဖွဲ့များနှင့် လုပ်ငန်းသုံးယာဉ်စုဖွဲ့မှု
Project Site Management
လုပ်ငန်းခွင်တစ်ခုချင်းစီအလိုက် လုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန်အတွက် Project Engineers များနှင့် Site Engineers များ စနစ်တကျ တာဝန်ယူဆောင်ရွက်နေပါသည်။
Maintenance Teams
ဆက်သွယ်ရေးလိုင်းများ စဉ်ဆက်မပြတ်အဆင်ပြေစေရန်အတွက် အရေးပေါ်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ခွဲများ (Maintenance Teams) စုဖွဲ့ထားရှိပြီး ကွင်းဆင်းနည်းပညာရှင်များနှင့် ပံ့ပိုးပေးထားပါသည်။
Logistics Fleet Support
တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်ကွန်ရက်ဖြန့်ကြက်မှု လုပ်ငန်းခွင်များဆီသို့ လိုအပ်သော စက်ပစ္စည်းကိရိယာများနှင့် လူအင်အားကို အချိန်မီ dispatch လုပ်နိုင်ရန် ကိုယ်ပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များဖြင့် ဖွဲ့စည်းထားပါသည်။